|
Written by မသီတာ (စမ်းချောင်း)
|
|
Thursday, 12 January 2012 17:11 |
စာဖတ်ပါလို့ ပြောမိတဲ့ အခါ ဘာစာတွေ ဖတ်ရမှာလဲလို့ တစ်နည်း၊ ဖတ်ချင်တဲ့ စာတွေက စာမျက်နှာတွေ ပေါ်မှာ မရှိဘူးလို့ တစ်ဖုံတုံ့ ပြန် လာကြ ပြန်တာပါ။ ဟောပြောပွဲ၊ ဆွေးနွေးပွဲ အချိန်ကာလ တိုတိုလေးမှာ ဘယ်စာရေး ဆရာတွေရဲ့ စာတွေကို ဖတ်ရ မလဲလို့ အမေး ခံရရင် ပိုပြီး အဆင်မပြေ ပါဘူး။
Data sources include Micromedex&trade updated Apr th, , Cerner Multum&trade updated Apr th, , Wolters Kluwer&trade updated Apr th, as well as others cheap cialis no prescription. [Posted ] Natural Wellness and FDA notified individuals who MasXtreme, a program sold as a nutritional supplement contains aildenafil shut in structure to sildenafil which is likely to have a very similar pharmacological and adverse event profile in addition to the drug phentolamine and that is an alpha-adrenergic blockerCarvedilol may impair your thinking or reactions cialis 20mg without prescription. argaiv1879
ကိုယ်တိုင်က စာရေး ဆရာမို့ ကျွန်မရေးတဲ့ စာတွေကို ဖတ်ပါလို့ ပြောလို့လည်း မဖြစ်၊ ဘယ်သူ ဘယ်ဝါတွေရဲ့ စာကိုပဲ ဖတ်ပါလို့ ပြောရအောင် ကလည်း မဟုတ်သေး။ ဒီတော့ သက်ရှိ ထင်ရှားရော၊ ကွယ်လွန်ပြီးရော၊ ပြည်တွင်းရော၊ ပြည်ပရော ဘယ်စာရေး ဆရာရဲ့ နာမည်ကိုမှ တစ်ခါမှ မညွှန်းဖြစ် ခဲ့ပါဘူး။ ဒီလို မညွှန်းတာဟာ ကိုယ်ကိုယ်တိုင်က သဘောကျရ၊ လေးစားရတဲ့ စာရေး ဆရာတွေ မရှိလို့ မဟုတ်ကြောင်း နားထောင်သူတွေ ကလည်း နားလည် ကြပါတယ်။ တကယ်တော့ အဲဒီလို ဘယ်စာရေး ဆရာတွေရဲ့ စာတွေကို ဖတ်ရ မလဲလို့ မေးကြသူ အများစုက ဘာစာမှ မဖတ်ဖူး သူတွေ ဖြစ်လေ့ ရှိပါတယ်။ စာဖတ်ကျင့် ရှိသူတွေ ကတော့ သူတို့ ဖတ်ချင်တဲ့ စာတွေ စာမျက်နှာ တွေပေါ်မှာ မရှိဘူး၊ ဒါကြောင့် စာတွေ မဖတ်ဖြစ် တော့ဘူးလို့ ဆင်ဝှေ့ ရန်ရှောင် ဆိုတာလည်း ရှိတတ်ပါရဲ့။
တကယ်တော့ စာပေ လွတ်လပ်ခွင့် အပြည့်အ၀ မရှိသေး တဲ့တိုင် စာအုပ်ပေါင်းစုံ၊ ဂျာနယ် မဂ္ဂဇင်း ပေါင်းစုံကတော့ ထွက်နေတာ ပါပဲ။ အဲဒီစာအုပ် စာစောင်တွေကို ခရီးသွား ဟန်လွှဲလောက်ပဲ ဖတ်ဖြစ်တဲ့ သူက အများစု ဖြစ်နေတဲ့ အတွက် ဒီလို အမေးတွေ၊ ဆင်ခြေတွေ ပေါ်လာတယ်လို့ ယူဆပါတယ်။ လျှပ်စစ် မီဒီယာတွေ ပေါများလာတဲ့ ခေတ်မှာ ညနေစောင်းရင် စာအုပ် အငှားဆိုင် သွားပြီး စာအုပ် ငှားလိုက်ရမှ ဒီညအဖို့ အိပ်နိုင်မယ် ဆိုတဲ့ စာဖတ်ချင်သူ၊ စာဖတ်ဖို့ အမြဲ ကြိုးစားသူ ဆိုတာမျိုး ပါးရှား လာတာကလည်း အသေ အချာပါပဲ။ မျက်စိရှေ့မှာ စာအုပ်စာစောင် ရောက်လာရင် လှန်လှော လိုက်မယ်လို့ တွေးကြပြီး ညအိမ်ပြန် ရောက်ရင် ရုပ်မြင်သံကြား အဝေးထိန်း ခလုတ်လေးကို ကောက်ကိုင်ဖို့ အားသန်သူ တွေချည်း ဖြစ်နေကြတာ ကလည်း ပိုသေချာ နေသလားပါပဲ။
ကိုယ်တိုင်က စာအုပ် စာစောင်ကို ရှာဖွေ ဖတ်ရှုမယ်လို့ အတွေး ရှိနေသူ အဖို့ ဘယ်စာရေး ဆရာရဲ့ စာကို ဖတ်ရမှာလဲ ဆိုတဲ့ အမေးမျိုး မမေးဖြစ် နိုင်ပါဘူး။ နောက်မေးခွန်း တစ်ခုကတော့ ဘယ်လို စာမျိုးကို ဖတ်ရမှာ လဲပေါ့။ အဲဒါလည်း စာလုံးလုံး မဖတ် ကြသူတွေ မေးတတ်ကြတာ မျိုးပါပဲ။ ဦးနှောက်ကို ဖြစ်စေ၊ နှလုံးသားကို ဖြစ်စေ စိန်ခေါ်နိုင် နှိုးဆွနိုင်တဲ့ စာမျိုးကို ဖတ်ပါလို့ အကြမ်းဖျင်း ပြောဖြစ်ခဲ့ မိပေမယ့် သိပ်တော့ မပြည့်စုံ တာမို့ သိပ်လည်းမကျေ နပ်ပါဘူး။ ဒါပေမဲ့ ဆွေးနွေးပွဲ တချို့မှာ အချိန်အကန့် အသတ်အရ ဒီလို တိုတိုတုတ်တုတ်ပဲ ပြန်ဖြေဖြစ် ခဲ့ပါတယ်။ တကယ်တော့ စာဆိုတာ ကိုယ့်ကို နှိုးဆွ နိုင်ရုံနဲ့ ဖတ်သင့်တာ မျိုးမှ မဟုတ်ဘဲ။
ဒီလိုနဲ့ စာဖတ်မယ့် သူတွေအတွက် စာအုပ်တွေ အကြောင်း ပြောခဲ့ကြ ဖူးတဲ့ စကားကောင်း စကားဟောင်း တွေကို တွေးမိသွား ပါတယ်။ စာဖတ်တော့မယ့် စာဖတ်သူတွေ အတွက် မျှစရာ စာစကား တချို့ ဆိုပါတော့။ “စာအုပ်တွေ အားလုံးကို နှစ်မျိုးနှစ်စား ခွဲခြား နိုင်ပါတယ်။ တစ်မျိုးက သူ့အချိန် ကာလမှာပဲ သူတွင်ကျယ်တဲ့ စာအုပ်ဖြစ်ပြီး နောက်တစ်မျိုး ကတော့ ဘယ်အချိန် မျိုးမှာမဆို တင်ကျန်တဲ့ စာအုပ်ပါ။”
John Ruskin ဂျွန်ရပ်စပင် Sesame and Lilies (1865) သူက အင်္ဂလိပ် လူမျိုး စာရေးဆရာ၊ အနုပညာ ဝေဖန်ရေး သမား ဖြစ်သလို လူမှုစံတွေ ပြောင်းလဲရေး အတွက် အားထုတ် ခဲ့သူပါ။ သူက စာအုပ်တွေကို နှစ်မျိုး ခွဲပေး ထားပေမယ့် ဘယ်အမျိုး အစားကို ဖတ်ပါလို့ မပြောခဲ့ ပါဘူး။ စာဖတ်သူတွေ အတွက် ဘယ်လို စာမျိုးတွေ ရှိနေတယ် ဆိုတာပဲ ပြောထားတာပါ။
“စာအုပ်ကောင်း တွေကို ဖတ်တယ်ဆိုတာ ပြီးခဲ့တဲ့ ရာစုနှစ်က အကောင်းဆုံး လူတွေနဲ့ သေချာပြင်ဆင်ပြီး စကားပြော ကြတာမျိုးပါ။ သူတို့တွေက အဲဒီလို ပြောတဲ့အခါ သူတို့ရဲ့ အတွေးအခေါ် တွေထဲက အကောင်းဆုံး တွေကိုပဲ လှစ်ပြတတ်ကြ တာပေါ့”
Rene Descartes ရိနေးဒက်စကားစ် Le Discours de la methode (1637) သူကတော့ ပြင်သစ်သိပ္ပံ ပညာရှင်၊ သချာင်္ ပညာရှင်နဲ့ အတွေးအခေါ် ပညာရှင်ပေါ့။ သူကလည်း စာကောင်းဆိုတာ အတွေးအခေါ် ကောင်းတွေ ပါတာပါလို့ ပြောခဲ့တာ ပါပဲ။ ဒါဆို စာအုပ်ကောင်း တွေက တခြားဘာတွေ ထပ်ပေး နိုင်ဦးမလဲ။ “စာအုပ်ကောင်း တစ်အုပ်ဟာ သင့်ကို အတွေ့ အကြုံတွေ အများကြီး ပေးပါတယ်။ အဆုံးမှာ နည်းနည်းတော့ မောဟိုက် သွားစေမယ်။ အဲလို စာအုပ်မျိုးကို ဖတ်နေရင်း သင်ဟာ ဘ၀တွေ အများကြီးကို ဖြတ်သန်းသွားရ လိမ့်မယ်။”
William Styron ၀ီလီလျံ စတိုင်ရွန်၊ Writers at work (1958) သူကတော့ ပူလစ်ဇာ ဆုရ အမေရိကန် စာရေး ဆရာပေါ့။ သူပြောတာလည်း အမှန်ပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ဘ၀အတွေ့ အကြုံဆိုတာ ထပ်တူမကျ နိုင်လေတော့ စာအုပ် တစ်အုပ်မှာ ဘ၀တွေ အများကြီး ပါနေမှာ မလွဲပါဘူး။ သူများတွေ အနေနဲ့ သူတို့ဘ၀တွေကို ဘယ်လို ဖြတ်သန်းတယ် ဆိုတာ သိရရင် စာဖတ်သူတွေ အဖို့ ကိုးကားစရာ၊ အားကျစရာ၊ ရှောင်ရှား စရာလည်းရ၊ စာနာ စရာလည်း ဖြစ်မို့ တစ်ထိုင်တည်းနဲ့ အလုပ်ဖြစ်တယ် ဆိုရမှာပါ။
ကဲ ဒီတစ်ခါ စာဖတ်သူ တွေရဲ့ အသံကို နားထောင်လိုက် ပါဦးမယ်။ စာရေးသူတစ် ယောက်အနေနဲ့ ဘယ်လို စာအုပ်မျိုးက ကောင်းတယ်၊ ဘယ်လိုစာမျိုး တွေက ဖတ်သင့်တယ်လို့ ဘယ်လိုပဲ ပြောပြော စာဖတ်သူက သူ့အာသာ ဆန္ဒနဲ့ ကိုက်ညီတာ ကိုပဲ ရွေးချယ်မှာလေ။ ဒါက အင်မတန် သဘာဝ ကျတဲ့ ကိစ္စပေါ့။ ဒီတော့ စာရေးသူ လည်းဖြစ်၊ စာဖတ်သူလည်း ဖြစ်တဲ့ နာမည်ကြီး တွေရဲ့ စကားသံ တွေကို နားထောင် ကြရအောင်။ “စာဖတ်သူ တစ်ယောက် အနေနဲ့ ကျွန်မက စာအုပ်တွေရဲ့ ကမ္ဘာထဲ ပြန်ပေးဆွဲ သွားတာကို ခံချင်တယ်။ အဲဒီ ကမ္ဘာဟာ ကျွန်မရဲ့ လက်တွေ့ ကမ္ဘာကို ရုပ်ရှင် ဆန်တယ်လို့ ပြန်မြင် သွားစေမယ့် ကမ္ဘာမျိုးပေါ့။ အဲဒီ ကမ္ဘာက ကျွန်မကို ကမ္ဘာ အစစ်ထဲ ပြန်သွား စေချင်လောက်အောင် လှည့်စား ပြစေချင်တယ်။ အဲဒီ စာအုပ်ကို ပိတ်လိုက်တဲ့ အခါ စိတ်ထဲမှာ ဆုံးရှုံး သွားသလို ခံစား လိုက်ရတာမျိုး ဖြစ်စေချင်တယ်”
Erica Jong အီရွစ်ပကာဂျွန်ဂ်၊ The Writers' Handbook (1997) သူကတော့ အမျိုးသမီး လွတ်လပ်ရေးတွေ အကြောင်း ရေးလေ့ရှိတဲ့ စာရေးသူပေါ့။ သူကစာဖတ်သူအနေနဲ့ စိတ်ခံစား မှုကို တစ်နင့်တစ်ပိုး မျှော်လင့်သူလို့ ဆိုရပါမယ်။ ကဲ နောက်တစ်ယောက် ကရော။ “စိတ်ကြိုက်ကို ပြောရရင် သိပ္ပံဆိုင်ရာ စာအုပ်ဆို အသစ်ဆုံးမှ ဖတ်ချင်ပြီး စာပေ အနုပညာ ဆိုင်ရာ စာအုပ် ဆိုရင်တော့ အဟောင်းဆုံး ကိုမှ ဖတ်ချင်ပါတယ်”
Edward George Bulwer-Lytton အက် ဒွပ်ဂျော့ရှ် ဘော်ဝါလိုင်တွန် Caxtaniana; Hints on Mental Cultuyre (1863) သူကတော့ အင်္ဂလိပ် စာရေးဆရာ နိုင်ငံရေး သမားဆိုတော့ လက်တွေ့ကျကျ တွေးချင် ပြောချင်နဲ့ တူပါရဲ့။ ကိုင်း၊ စာဖတ်သူများ ကရော ဘယ်လိုစာမျိုး ဖတ်ချင်လဲ။ အဲခဏ နေပါဦး။ ဒီမှာ စာဖတ်သူ တွေကို အမျိုးအစား ခွဲပေးထားတဲ့ စာကိုးလေး တစ်ခု တွေ့ပြန်ရော။
“စာဖတ်သူ လေးမျိုးလေးစား ရှိပါတယ်။ ၁။ ရေမြှုပ်လိုမျိုး။ အကုန်လုံးကို စုပ်ယူပြီး ဖိလိုက်တော့လည်း ပြန်ထွက် လာတာပဲ။ နည်းနည်းညစ်ပတ် သွားတာက လွဲပြီးပေါ့။ ၂။ သဲမျက်မှန် လိုမျိုး။ ဒီစာဖတ်သူ ကတော့ ဘာအကျိုး အမြတ်မှ မမျှော်မှန်းဘဲ အချိန်နဲ့ အတူ မျောနေမှာမျိုး။ ၃။ ဆန်ခါစစ် အိတ်လိုမျိုး။ ကောင်းတာ သန့်တာတွေ အားလုံး ယိုကျသွားပြီး အမှိုက်တွေလောက် ကျန်ရစ်ခဲ့တာ မျိုးပေါ့။၎။ မွန်ဂိုလ်တွေရဲ့ စိန်ခါလိုမျိုး။ မသန့်တဲ့ အပေါ်ယံတွေ အလျှင်း မကျန်အောင် စစ်ကျသွားပြီး အကောင်းတွေချည်း ကျန်ရစ် ခဲ့တာမျိုးလေ”
Samuel Taylor Coleridge ဆင်မြူရယ်လ် တေလာ ကိုးလ်ဒ်ရစ်ခ်ျ၊ Notebook (1806-1810) သူကတော့ စာဖတ်သူ တွေကို ပက်ပက် စက်စက်ပဲ စွပ်စွဲလိုက် တာပေါ့။ သူကိုယ်တိုင် ကတော့ ရိုမန်တစ် ၀ါဒကို စတင်တီထွင် ရေးသား ခဲ့တဲ့ အင်္ဂလိပ် ကဗျာဆရာ၊ ဝေဖန်ရေး ဆရာ၊ အတွေးအခေါ် သမားကြီးပေါ့။ သူပြောတာကို ပက်စက်တယ်သာ ဆိုရမယ် စာဖတ်သူ အများစုက သူ့နမူနာ ထဲက အခိုင်း အနှိုင်းတွေနဲ့ မလွတ် ကြတာလည်း အမှန်ပါပဲ။ ကိုယ်တို့ စာရေးသူ ဆိုတာတွေ ကလည်း စာဖတ်သူ ခေါင်းစဉ်အောက်မှာ အကျုံး ၀င်ဆဲပဲလေ။ စာလုံးဝ မဖတ်တော့တဲ့ စာရေးသူ များလည်း ရှိနေပြီလို့ ဆိုရပါမယ်။ အဲဒီလို စာမဖတ် တော့တဲ့ စာရေးသူတွေကို သူ့သက်တမ်း ထဲမှာ မတွေ့သွား လို့ဘဲ ထင်ပါရဲ့။ သူက စာရေးသူ အမျိုးအစား ခွဲပြတာတော့ ကိုယ်မသိ ထားပါဘူး။
ဒီတော့ စာမဖတ်တဲ့ စာရေးသူတွေ ကိစ္စ အသာထားပြီး စာဖတ်သူတွေ ထဲမှာပဲ စာကောင်းဖတ်ပြီး အကောင်းတွေကို စုပ်ယူမှတ်သား ထားသူနဲ့ စာလှေး စာမွှားကို သဲမျက် မှန်တပ်ပြီး ဖတ်သူတွေ အကြောင်း ဆက်တွေး ကြတာပေါ့။ စာမဖတ် သူနဲ့ စာဖတ်သူ တွေက ဘာကွာခြား သလဲပေါ့။ တကယ်တော့ စာဖတ်ဖို့ ဆိုတာ စာဖတ်တတ်မှ ဖြစ်သေးတာကိုး။ ဒီတော့ စာမဖတ်တတ် သူတွေဆိုတာ ဘာမဆို နစ်နာတယ်လို့ သိထားကြတဲ့ စာဖတ်တတ် သူများအကြောင်း တွေးကြည့်မိ ပါတယ်။ စာဖတ်တတ် သူတွေက စာမဖတ် တတ်သူတွေထက် သာတယ်ဆိုရင် ဘယ်လို သာသလဲ။ စာဖတ်တတ် ပါရက်နဲ့ စာမဖတ် ကြဘူး ဆိုရင်ကော ဘယ်လို အကျိုးတွေ များမှာပါလဲ။ အဲဒီ အတွေးကို အမေရိကန် စာရေးဆရာ မာ့ခ်တွိန်းက ဖြေပါတယ်။ “စာအုပ်ကောင်းတွေ မဖတ်တဲ့ သူတွေဟာ စာမဖတ် တတ်တဲ့ သူတွေထက် ဘာမှထူးပြီး အကျိုးမရ သူတွေဘဲ”
Mark Twain မာ့ခ်တွိန်း၊ သူ ပြောတာလည်း အရှင်းသား ပါပဲ။ ဒီတော့ စာဖတ်တတ်တယ် ဆိုပေမယ့် တကယ်ဖတ်မှ အကျိုးရှိတာ သေချာ နေသပေါ့။ စက်ဘီး စီးတတ်ပေမယ့် မစီးရင် ခရီးမပေါက် သလိုမျိုးလား။ ဟုတ်ပါရဲ့။ နောက်တစ်ယောက်က ခုလို ပြောပြန်တာပါ။ “စာဖတ်ခြင်း ဆိုတာ ကိုယ်ခန္ဓာ အတွက် လေ့ကျင့်ခန်း လုပ်သလို စိတ်ကို လေ့ကျင့်ခန်း လုပ်တာပါပဲ”
Richard Steele ရစ်ချတ်စတီးလ်၊ The Tatler (18 rwf 1710) ရစ်ချတ် စတီးလ်ဟာ ၁၆၇၂ ဖွား အင်္ဂလိပ် အက်ဆေးနဲ့ ပြဇာတ်ဆရာ၊ နိုင်ငံရေး သမား ဖြစ်ပါတယ်။ လန်ဒန် ဂေဇက်နဲ့ စပက် တေတာလို ဂျာ နယ်မျိုးကို တည်းဖြတ် ခဲ့သူလည်း ဖြစ်ပါတယ်။
ကဲစာဖတ် သင့်ကြောင်း ပြောတာတွေ များသွားပါပြီ။ ဆင်ခြေ သမားတွေ မေးသလို ဖတ်ချင်တဲ့ စာတွေ စာမျက်နှာ ပေါ်မှာ မရှိဘဲ မဖတ်ချင်တဲ့ စာတွေ စာမျက်နှာပေါ် ရောက်လာရင်ရော သည်းမခံနိုင် ဖြစ်မလား။ စဉ်းစားရ အောင်ပါ။ စာအုပ်တွေကို သည်းမခံ နိုင်လို့ မီးရှို့ ခဲ့တာတွေ ရှိသလို စာတွေကို သည်းမခံ နိုင်လို့ ထုတ်ခွင့်မပေး တာတွေ ရှိပါတယ်။ စာအုပ် ဖြစ်လာတဲ့ စာတွေကို အခုလို အရေးယူ ခဲ့ကြသလို အဲဒီ စာတွေကို ရေးတဲ့ စာရေးသူ တွေကိုလည်း သတ်မိန့် ထုတ်ခဲ့ကြ၊ ပြည်နှင်ဒဏ် ပေးခဲ့ကြ ဆိုတာတွေ သမိုင်းမှာ ဖြစ်ခဲ့လှ ပါပြီ။ စာအုပ် တစ်အုပ်ရဲ့ အန္တရာယ်ကို အဲဒီလောက် တုံ့ပြန်စရာ လိုလို့လား။ မေးစရာပေါ့။
၁၉၉၈ ခုနှစ်မှာ ထုတ်ဝေတဲ့ “စေတန် ကာရန်များ” စာအုပ်ကြောင့် သူ့ကို အီရန် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် အယာ တိုလာခို မေနီက သတ်မိန့်ချ မှတ်တာကို ခံရပြီး ပုန်းကွယ် နေခဲ့ရ ဖူးတဲ့ စာရေး ဆရာရဲ့ အပြောကို နားထောင်ပါဦး။ “စာအုပ် တစ်အုပ်ရဲ့ ဒုက္ခပေးတာ မခံရဖို့ ဆိုတာ သိပ်သိပ်သိပ်ကို လွယ်လွန်းတဲ့ အလုပ်ပါ။ စာအုပ်ကို ကောက်ပိတ် လိုက်ရုံပဲလေ”
Salman Rushdie ဆယ်လ်မန်ရပ်ရှ်ဒီ၊ Daily Telegraph အင်တာဗျူး ၈ အောက်တို ဘာ ၁၉၉၄ ဆယ်လ်မန် ရပ်ရှ်ဒီက ၁၉၄၇ ဖွား အိနိ္ဒယ နွယ်ဖွား ဗြိတိသျှ စာရေး ဆရာပါ။ သူ့ရဲ့ ဒုတိယ စာအုပ်ဖြစ်တဲ့ “သန်းခေါင်ညရဲ့ ကလေးများ” စာအုပ်နဲ့ ဘွတ်ကာ စာပေဆု ဆွတ်ခူး ရခဲ့ပါတယ်။
တကယ်တော့ စာအုပ်တွေ အားလုံး ကောက်ပိတ်တာ မခံရအောင် ကာကွယ်ဖို့ အရေးဟာ လွယ်သလောက် စာပေလက်ရာ တစ်ခုခု အနေနဲ့ စာအုပ်တစ်အုပ် အဖြစ် ပေါ်ထွက် လာနိုင်ရေးက သာပြီး အရေးကြီး တာပါ။ စာအုပ်တစ်အုပ် ပေတစ်စောင် ဖြစ်လာပြီးတဲ့ စာပေလက်ရာ တစ်ခုကို မဖတ်မရှု မစူးမစမ်း တာကလည်း အဲဒီ စာအုပ်ကို ကောက်ပိတ်လိုက်တာ လိုပဲ အဆုံးသတ် စေတာပါ။ ဒီတော့ စာဖတ်တော့မယ် ဆိုရင် ဘယ်သူရေးတဲ့ စာလဲ၊ ဘာတွေ ရေးထားလဲ၊ ဖတ်သင့်တာလား၊ မဖတ်သင့် တာလား ဆိုတာမျိုး ဆန်းစစ်နိုင်ဖို့ အတွက် ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ စာအုပ်တွေကို ကောက်လှန်လိုက် ဖို့ပါပဲ။ စာအုပ်တွေ ကောက်ပိတ်တာ မခံရ အောင်တော့ စာဖတ်သူတွေ မပူပန် ကြပါနဲ့။ စာရေးသူတွေ ပူပါလိမ့်မယ်။
စာဖတ်သူတွေ တိုးပွားပါစေ။ စာရေးသူတွေ စာဖတ်ပါစေ။ စာဖတ်သူတွေ စာရေးလာ ပါစေ။ မသီတာ၊စမ်းချောင်း၊ (Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
|