အလွမ်းသင့် ပန်းချီ သီချင်းကို ခံစားခဲ့ကြ သူများ PDF Print E-mail
Written by မြစံပယ်ခိုင်   
Monday, 09 January 2012 11:19
Share |

သီချင်း တစ်ပုဒ်ကို အနုပညာ ရသ မြောက်စွာနဲ့ စီးမျော ခံစားသူ များက အဲဒီ သီချင်းနဲ့ ထပ်တူ ခံစားချက် ရှိနေကြသူ တွေပဲလို့ အများက မှတ်ယူထားတတ် ကြပါတယ်။

cialis 10mgdiscount generic cialis where to buy viagra online generic cialis online
argaiv1403

အဲဒီလို ပရိသတ်နဲ့ ထပ်တူကျတဲ့ သီချင်း တစ်ပုဒ်ရဲ့ အောင်မြင်မှု ကိုတော့ အဲဒီ သီချင်းကို ခံစား နားဆင်ကြတဲ့ ပရိသတ် တွေရဲ့ အဆုံး အဖြတ်က ပြောပြသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ပရိသတ်တွေ အနေနဲ့ ကလည်း မိမိတို့ နားဆင်တဲ့ သီချင်းလေးတွေ အပေါ်မှာရော၊ ကိုယ်ကြိုက် နှစ်သက်တဲ့ အဆိုရှင်တွေ ကိုပါ ဝေဖန် နိုင်သလို အနု ပညာရှင်တွေ အနေနဲ့ ကလည်း ပရိသတ် တွေရဲ့ ဝေဖန် အားပေးမှုနဲ့ အတူ မိမိတို့ရဲ့ အနုပညာ အရည် အချင်းကို ပြန်လည် ဆန်းစစ်နိုင်မယ့် ခံစားသူတို့ အမြင် ကဏ္ဍလေးကို ဖွင့်လှစ်ပေး ထားပါတယ်။ ဒီလအတွက် တေးသံရှင် အောင်လ ရေးသားပြီး ရတနာမိုင် သီဆိုတဲ့ အလွမ်းသင့် ပန်းချီ သီချင်းလေး အပေါ်ဂီတ ချစ်ပရိသတ် ကြီးရဲ့ ခံစားမှု အမြင်တွေကို မျှဝေပေး လိုက်ပါတယ်။

နွယ်ရီ
သမီးက နွယ်ရီပါ။ အလွမ်းသင့် ပန်းချီကို ကြိုက်ရတဲ့ အကြောင်းတွေ ကတော့ အများကြီး ပါပဲ။ ချစ်ဦး သူကလည်း အဲဒီလို ဖြစ်ရပ်မျိုး တစ်ပုံစံတည်း လုပ်သွားတဲ့ အတွက်၊ ချစ်သူကလည်း အဝေးရောက် နေတဲ့အတွက် အချစ် သစ်နဲ့များ တွဲနေမလား၊ ဘာအကြောင်း ပြချက်မှ မရှိဘဲ မုန်းသွားခဲ့တယ်။ သူက ပြန်လာရင်လည်း အရင်လိုပဲ ချစ်နေသေးတယ် ဆိုတာ ဒီသီချင်း လေးကို နားထောင်ရင်း သူ့ကိုပါ ကြားစေချင်တယ်၊ သိစေချင်တယ်။ အဲဒီလို အကြောင်းတွေ အများကြီးကြောင့် ကြိုက်မိသွား တာပါ။ အောင်လ ရေးသမျှ သီချင်းတိုင်း အရမ်းကြိုက်တယ်။ ရတနာမိုင် အသံလေး နဲ့လည်း အဲဒီ သီချင်းက အရမ်း လိုက်ဖက်တယ်။ နှစ်ယောက် စလုံးကို ကြိုက်ပါတယ်။ အောင်လ ရေးသမျှ သီချင်းတွေက ကိုယ့်ခံစားချက် တွေကိုပဲ ချရေး နေသလား ထင်ရပါတယ်။  အနုပညာ မောင်နှမ နှစ်ဦး ဂီတခရီး လမ်းကြီးမှာ အောင်မြင် ပါစေလို့ ဆုတောင်းလိုက် ပါတယ်ရှင့်။

ကျော်သက်အောင်
ကျွန်တော့်နာမည်က ကျော်သက်အောင် ပါခင်ဗျာ။ အလွမ်းသင့် ပန်းချီ သီချင်းက အရမ်းအေးတဲ့ ဂီတ ပုံစံမျိုး ဆိုတော့ကျွန်တော် ကြိုက်မိသွား တာပါ။ ဒီသီချင်းကို အောင်လရော၊ ရတနာ မိုင်ရော နှစ်ယောက်စလုံး ဆိုတာကို ကြိုက်ပါတယ်။  ဒါပေမဲ့ အောင်လ ဆိုတာကို ပိုကြိုက်ပါတယ်။ သီချင်း ပုံစံက အေးတာရော၊ အလွမ်း ပုံစံလေး ဖြစ်တာကြောင့်လည်း ကြိုက်မိသွား တာပါ၊ ဟုတ်ကဲ့။ ကျေးဇူး တင်ပါတယ်။

သီရိ
ကျွန်မနာမည် သီရိပါရှင်။  အောင်လကို မသိခင် ကတည်းက သူဆိုတဲ့ သီချင်းတွေကို အရမ်း ကြိုက်ခဲ့တာပါ။  နောက်ပိုင်း အောင်လ ဆိုတာကို သိသွားတော့ အောင်လ သီချင်းတွေကို ရေးတာပဲ ဖြစ်ဖြစ်၊ သူကိုယ်တိုင် ဆိုတာပဲ ဖြစ်ဖြစ် အားလုံးကို နားထောင်ဖြစ် ခဲ့ပါတယ်။ ရတနာ မိုင်ရဲ့ စီးရီး ထဲမှာလည်း အောင်လ ရေးထားတဲ့ အလွမ်းသင့် ပန်းချီ သီချင်းကို အရမ်း ကြိုက်ပါတယ်။ မေ့မရတဲ့ အချိန်တွေ အဆုံးထိ၊ မျက်စိမှိတ် မျှော်လင့်ခဲ့ပြီ၊ ဘာမှ မသိတဲ့ တစ်နေ့နေ့ကို ငါစောင့်စားလို့ နှလုံးသား ကွဲကြေ နေတဲ့အထိ၊ အလွမ်းသင့် ခဲ့တဲ့ အတိတ်ရဲ့ ပန်းချီ၊ လမ်းစ မရှိတဲ့ ငါ့အဖြစ်ကို မြင်လည်း၊ ငါဆက်ချစ်မယ် ဆိုတဲ့ စာသားလေးကို အရမ်း ကြိုက်ပါတယ်။ သီချင်း နားထောင်တိုင်းလည်း အဲဒီ စာသားနားကို ရစ်ရစ်ပြီး နားထောင်ဖြစ် ပါတယ်ရှင်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဒီလအတွက် ခံစားသူတို့ အမြင် ကဏ္ဍမှာ ခံစား သူပရိသတ် တို့ရဲ့ အလွမ်းသင့် ပန်းချီ သီချင်းလေး အပေါ် ခံစားချက် အစစ်အမှန် တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလအတွက် ဒီမျှနဲ့ပဲ ကျေနပ်ရင်း နောက်လတွေ မှာလည်း ဘယ်သူတွေက ဘယ်သီချင်း တွေအပေါ် ဘယ်လို ခံစားကြမယ် ဆိုတာကို စောင့်မျှော်ပေး ပါဦးရှင်။

ခြူးဟန်ကျော်၊ မြတ်သီတာလွင်
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)