|
Written by Administrator
|
|
Thursday, 05 January 2012 10:38 |
ငါ့ကိုယ်ငါပဲ ပြောပါတယ်
အုံလိုက်ကျင်းလိုက် ရည်ညွှန်းရအောင် အာရုံက မပြည့်စုံဘူး ပြောပါတယ်။
antifungal medications free cialis samples. exual Dysfunction, SSRIGet emergency medical help if you have these signs of allergy: hives difficulty breathing swelling of the face, lips, tongue, or throat tadalafil tablets. argaiv1773
နေရာစုံက ဖြန့်ကြက်လာတဲ့ လှိုင်းတွေက ကူးစက်ရောဂါလို မြန်တယ် ပြောပါတယ်။ အားလုံးကို တစ်သီးတည်းစားဖို့ ဒီခေတ်မှာ စိတ်မချရဘူးဆိုတာ ပြောပါတယ်။ အထူးဆိုပေမယ့် နေရာတကာ သတိထားကြည့်ရင်
ငွေရှိမှ ထူးမယ့်ဘ၀ ငါတို့က ဘာထူးမှာလဲ။ ငါ့ကိုယ်ငါပဲ ပြောပါတယ်။ ပေါက်မဲကို မျှော်ပြီး ကူပွန်တွေစောင့်ရှောက်ထားရ အပိုဆုကို စိတ်ကူးယဉ်ပြီး ညဥ့်နက်လာတာပဲ ပြောပါတယ်။ တက်ကျမ်းများနဲ့ အနီးကပ်ဖြေရမယ့် ရက်အတွက် ပြင်ဆင်ရတာ ဆံပင်တွေ ဖြူလာတာပဲ အဖတ်တင်တယ်။ နောက်ဆုံးမှာ ငါ့ကိုယ်ငါပဲ ပြောပါတယ်။ ။
ဇွဲလူ
အမှားခြစ်ရာတွေနဲ့ လူ
ကြည့်စမ်း သိသာ မြင်သာတဲ့ အတ္တတွေနဲ့ ငါဟာ ဘယ်အထိ သက်ဆိုးရှည်ဦးမလဲ နေ့ညတွေထဲ အပြုအမူအမှားတွေနဲ့ အကုသိုလ်တွေ တစ်မိုင်နှစ်မိုင်စာမက ပြုမူခဲ့မိရဲ့ ၀မ်းနည်းစရာ ကဗျာတစ်ပုဒ်ပါပဲ။ အမြင့်က ခုန်ချလာတဲ့ စိတ်နဲ့ ရပ်တည်နေလို့ ရလာတဲ့ နောင်တတရားတွေထဲ ငါ့မျက်ရည်တွေ မိုးလိုရွာလို့ စိမ်းလန်းနေတဲ့ ရှုခင်းတွေကို မမြင်တော့ဘူး အာသာငမ်းငမ်း တပ်မက်စိတ်နဲ့ အပိုင်ရယူချင်တဲ့ လောဘများ မခံချင်စိတ်နဲ့ တစ်ဟုန်ထိုး ချွန်းလွတ်ဆင်လို ပြေးထွက်သွားတဲ့ ဒေါသများ ငါဟာ အမှောင်ထဲမှာ ဘောင်ကျွံခဲ့တဲ့ လူသား။ ငါ့ အတောင်ပံခတ်သံတွေမှာ အမှန်တရားတွေပဲ ဖလန်းဖလန်းထဖို့ ငါ ဇွဲကြီးကြီး ဆုပ်ကိုင်ထားရမှာက စိတ်ကောင်းစေတနာတွေ စိုက်ဝင်နေတဲ့ ၀ိညာဉ်။ အဲဒီ ၀ိညာဉ် ရေရှည်ရှင်သန်ဖို့ စိတ်ရိုင်းတို့ကို ချွန်းအုပ်ပြီး ထိန်းချုပ် ကိုယ်ကျင့်တရားကို အပိုင်ဆုပ်ကိုင်ထားဖို့ကြိုးစား ကောင်းမြတ်တဲ့ ၀ိညာဉ်အဖြစ် တင့်တယ်ဖို့အတွက် ပဏာမအဆင့် ကျင့်ကြံရမှာက ဖြူစင်နှလုံးသားနဲ့ မုဒိတာပွားရင်း အတ္တထူထူကို တဖြည်းဖြည်းခွာချ အတ္တပါးပါးလေး ဖြစ်လာစေဖို့ပါ။ ။
မင်းထက်သားညီ၊တောင်ငူ၊
ရထားမစိုက်တဲ့ ဘူတာ
အကောင်အထည်ဒြပ်မဲ့ လေးလံဝန်ပခုံးပေါ်တင်လို့ အဆံ မရှိတဲ့ ခရုအိမ်မှာ ကြိမ်မီးအုံးသလို လောင်ကျွမ်း အလွမ်းပင်လေးတောင် မစိုက်အားဘူး။
မြင်ရိုင်းတစ်ကောင်လို ၀ုန်းဒိုင်းကြဲစီးဆင်းနေတဲ့ ကွေ့ကွေ့ကောက်ကောက် မြစ်တစ်စင်းတောင်မှ ကမ်းပါးနှစ်ခုရဲ့ အထိန်းအကွပ်ကြားမှာ ဆန္ဒကို အလံထူလွှင့်ရင်း ပင်လယ်ဝဆီ ခရီးပေါက်ခဲ့။ ပစ္စုပ္ပန်သင်္ဘောကြီးက ထွေပြားလွန်းတဲ့ ဘ၀နေထိုင်မှုမှာ ဆီးဖြူသီး ဆန်ကောထဲ လိမ့်သလို သေချာမယ့် ပစ်မှတ်အကြိမ်ကြိမ်လွဲလို့ လန်းဆတ်မှု အိပ်မက်တွေ ပုပ်သိုး တန်ဖိုးမဲ့ဆုလာဘ် ရင်မှာပိုက်ရင်း အစုန်အဆန်မဲ့ ဘူတာကြီးမှာ အထီးကျန်အဖော်ကင်း လည်ပင်းဖက်မယ့် သူတွေမရှိခဲ့ဘူး။ ။
စန္ဒကူးနီ
ကျွန်မရဲ့ သူရဲကောင်း
တက္ကသိုလ်ဆိုတဲ့ နန်း တက်လှမ်းမယ်ဆိုတုန်းက ပြုံးမြသွားတဲ့ အဖေ့မျက်နှာ တစ်သက်စာ ရင်မှာမှတ်မိနေပါရဲ့။
ဘာကြေးညာကြေး အခါခါပေးဖို့ တောင်းဆိုတော့ ခေါင်းမော့လို့ လက်မထောင် ခါးကော့အောင် ကျူံးရုန်းရှာပြီး ကြိုးစားဟဲ့ ငါ့သမီး ပညာတတ်ကြီး ဖြစ်စေဖို့တဲ့ တစ်ချက် မညည်း ကြက်သီးများတောင် ထမိပါရဲ့။
အဖေ “ကျောင်းမှာလေ” လို့ ဖြစ်ရပ်တွေ စာဖွဲ့ ဟန်နဲ့ပန်နဲ့ ပြောရင် “ဟေ” ”ဟုတ်လား” “တဟားဟား”နဲ့ သဘောတွေကျ ဗဟုသုတ ရသကွာလို့ မကြာမကြာဆို သကာလိုချိုတဲ့ အဖေ့အသံလေး ပြန်တွေးမိတိုင်း မျက်ရည်ဝိုင်းရဲ့။
တဖွဲဖွဲတက် မစဲဘဲ မရပ်တော့တဲ့“ကုန်ဈေးနှုန်း”အောက်မှာ အိပ်မက်တွေ ကယောက်ကယက် ဆန္ဒတွေ ပျောက်မတတ် ဖြစ်ခဲ့ရပေမယ့် ချွေးစက်တွေ အများအပြားနဲ့ မရပ်မနား ခရီးဆက် သမီးအတွက်ရယ်လို့ ရည်စူးပြီး ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို တိမ်ပေါ်ထုအထိ တက်ထိုင် တစ်ချက်မငိုင် ယှဉ်ပြိုင်ရဲပုံများ ရင်အစိုင်ထဲမှာ အစဉ်ခိုင်မြဲစွာ ရှိလှပါရဲ့။
သြော်- ကျွန်မရဲ့ အဖေ ဘ၀ရဲ့နွေထဲမှာ ကံကြမ်္မာရိုက်ချက် မည်သို့ပင် ခါးသက်ခဲ့လည်း မပျက်အပြုံးနဲ့ တစ်သက်လုံး ရင်ဆိုင်ပြီး သမီးလက်ကို ကိုင်ဆွဲ တိုက်ပွဲပေါင်းများစွာ ၀င်ခဲ့တာ အောင်ပွဲများစွာ ဆင်ခဲ့တာကို နပိုလီယန်နဲ့ ဗန္ဓုလ သူတို့က တမလွန်ကနေ ခဏလာပြီး အဖေ့ကို ဦးညွတ်ကြမယ်တဲ့လေ အဖေ့ကို ဦးညွတ်ကြမယ်တဲ့။ ။
သစ္စာခင် (Teen မဂ္ဂဇင်း၊ ဇန်န၀ါရလ ၂၀၁၂)
|
Administrator |
| About the author: |
| | |