|
Written by မင်္ဂလာရွှေမောင်း
|
|
Wednesday, 28 July 2010 16:21 |

ကိုယ့်မှာရှိတဲ့ ပစ္စည်း သူများကို ပေးတယ်ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။
စွန့်လွှတ်နိုင်သူတွေ၊ အတ္တကို ခွာချနိုင်သူတွေ၊ စိတ်ခွန်အား ကြီးမား သူတွေသာ လုပ်နိုင်ကြတဲ့ ကိစ္စပါ။ ဂလိုဘယ် ခေတ်ကို လူမျိုးဘာသာ၊ အသားအရောင်၊ နယ်မြေဒေသ ခွဲခြားမှု မရှိတဲ့ ခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ဘ၀မှာတော့ အခုအထိ အသားရောင် ခွဲခြားမှု၊ လူမျိုးဘာသာ ခွဲခြားမှုဟာ အမြစ်တွယ် ရှင်သန်နေဆဲပါပဲ။ အဲ အဲဒီလို အသားအရောင် ခွဲခြားမှု ရှင်သန်နေဆဲ ကာလ တစ်ခုမှာ သမိုင်းကို ပြောင်းလဲ စေခဲ့တဲ့ ဖြစ်ရပ်တစ်ခု တောင်အာဖရိကမှာ ပေါ်ပေါက် လာခဲ့ပါတယ်။ ကမ္ဘာ့လူသား အားလုံး လေးစား ဦးညွှတ်ရမယ့် နိုင်ငံရေး အပြောင်းအလဲ တစ်ခုလို့ပဲ ဆိုကြပါစို့။ အဲဒါကတော့ ၁၉၉၄ ခု သူ့သမ္မတ သက်တမ်းအပြီးမှာ ကျင်းပပေးလိုက်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တစ်ခုပါပဲ။ အနိုင်ရပါတီ ANC (African National Congress) ရဲ့ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား လက်ထဲကို အာဏာ လွှဲပေးလိုက်ပြီး မင်ဒဲလား ဦးဆောင်တဲ့ အစိုးရအဖွဲ့ ထဲမှာ ဒုသမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဟာ ဒီကလပ်ပါ။ ဒီကလပ်ဟာ စိတ်ယဉ်ကျေးမှု မြင့်မားသူ တစ်ဦး ဖြစ်ပါ တယ်။ တောင်အာဖရိကကို အကြီးအကျယ် ချိုးကွေ့ လိုက်သူများထဲမှာ မင်ဒဲလားနဲ့ အပြိုင် သူ့အခန်း ကဏ္ဍက ကြီးမား လွန်းလှပါတယ်။ အဲဒီတုန်းက တောင်အာဖရိကရဲ့ အာဏာဟာ သူ့လက်ထဲမှာ။ သူက ပါတီခေါင်းဆောင်။ စေ့စပ်ညှိနှိုင်း လက်တွဲ လိုတဲ့ သူ့ရဲ့စိတ်ခွန်အားနဲ့ စိတ်သတ္တိက ကြီးမားလိုက်တာ။ တောင်အာဖရိက ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောပြီး ၂၇ နှစ် တိုင်တိုင် သမ္မတ အဆက်ဆက်၊ ထောင် အဆက်ဆက် အကျဉ်း ကျနေခဲ့ရတဲ့ မင်ဒဲလာကို အချုပ်အနှောင်က လွှတ်၊ ANC ပါတီကို လွတ်လပ်စွာ လှုပ်ရှား ခွင့်ပေး၊ တောင်အာဖရိက မြေပေါ်က အသားရောင် ခွဲခြားမှုကို အဆုံးသတ်၊ သာမန်လူတွေ မလုပ်နိုင်တဲ့ လုပ်ရပ်တွေ တစ်ခုပြီး တစ်ခု လုပ်ပြခဲ့တဲ့ ဒီကလပ်။ ဒီလရနံ့သစ်မှာ ဖော်ပြတဲ့ မောင်သာချိုရဲ့ ဖရစ်ဒရစ် ၀ီလျံဒီ ကလပ်ဟာ စေ့စပ် ညှိနှိုင်းခြင်း အနုပညာကို ပွေ့ဖက် ထားတဲ့ စိတ်ယဉ်ကျေးမှု မြင့်မားသူ တောင်အာဖရိက သမ္မတ ဒီကလပ် အကြောင်း ရေးသားထားတဲ့ ဆောင်းပါးပါ။ ထင်အောင်ကျော်ရဲ့ အားနည်း နိုင်ငံများ၏ ပထ၀ီ နိုင်ငံရေးဟာ အားနည်း နိုင်ငံတွေကို ပေယျာလကန် မထားဘဲ ကူညီခြင်းဟာ ဒီကမ္ဘာ ငြိမ်းချမ်းရေးကို ကူညီရာ ရောက်ကြောင်း ကျိုးကြောင်းပြ ရေးသား ထားတဲ့ ဆောင်းပါးပါ။ ထင်အောင်ကျော်ဟာ မြန်မာ စကားပြေကို သိပ်သည်း ကျစ်လျစ်စွာ ရေးသားနိုင်တဲ့ စာရေးဆရာ တစ်ဦး ဖြစ်သလို နိုင်ငံတကာ ဖြစ်ရပ်ကို သုံးသပ်တဲ့ နေရာမှာ နှံ့စပ်ကျွမ်းဝင် သူတစ်ဦးလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ တခြား အင်အားကြီးထွား လာတဲ့ နိုင်ငံတွေဟာ လက်ရှိ ကမ္ဘာ့အခင်း အကျင်းကို ပြောင်းလဲပစ်ဖို့ စိတ်မကူးဘဲ ဒီအခင်း အကျင်းကိုပဲ ပုံဖော် ယူချင်ကြတယ်။ တော်လှန်ပြောင်းလဲ ရေးဆိုတာထက် ပေါင်းစည်း ဆောင်ရွက်ခြင်းကိုပဲ စိတ်ဝင် စားနေကြတယ်။ အဲဒီ စိန်ခေါ်မှုက အားနည်း နိုင်ငံတွေဆီက ပဲလာမယ်။ အားလုံး သိကြတဲ့ အတိုင်း ဂလိုဘယ် လိုက်ဇေးရှင်း ကျေးဇူးကြောင့် လူနဲ့ဝတ္ထု ပစ္စည်းတွေဟာ တစ်နေရာက တစ်နေရာ ကူးလူး လာနိုင်ကြ တယ်။ အကြမ်း ဖက်သမား တွေ၊ ရောဂါဘယတွေ၊ တရား မ၀င် ပြောင်းရွှေ့သူတွေ၊ အဖျက် အားကြီး လက်နက်တွေ အတွက် နိုင်ငံတကာ နယ်နိမိတ် စည်းမျဉ်းဆိုတာ မည်ကာမတ္တ ထက် ဘာမှမပိုတော့ပါဘူး။ ဒါကြောင့်လည်း အားနည်း နိုင်ငံတွေကို ကူညီခြင်းဟာ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ ရေးအတွက် အရေးတကြီး ကိစ္စတစ်ခု ဖြစ်ပါတယ်လို့ စာရေးသူက ဆိုပါတယ်။ (၂၀၁၀၊ ဇွန်၊ ရနံ့သစ်) ဒီလ ရွှေအမြုတေမှာ ၀တ္ထုတို ၇ ပုဒ်ဖော်ပြပါတယ်။ အဲဒီ အထဲက ပထမဦးဆုံး ညွှန်းချင်တာက ပန်းရေဂျိုး (မိုးကုတ်)ရဲ့ ဘွဲ့ထူးသခင် ထဆင်ဒူး ပါ။ မိသားစုတစ်ခု မှာ အကြီးဆုံးဖြစ်သူ အစ်ကို ကြီးက ညီအလတ်ရဲ့ဇနီး“မဒူး”ဆိုတဲ့ ခယ်မရဲ့ အကြောင်းကို ပြန်ပြောင်း ပြောပြထားတဲ့ ၀တ္ထုတိုပါ။ ဒီလိုပြောပြရာမှာ ပန်းရေဂျိုးဟာ မဒူးရဲ့စရိုက် ကို ပီပီပြင်ပြင် ရေးဖွဲ့နိုင်ခဲ့ ပါတယ်။ ပန်းရေဂျိုးဟာ ဒီဝတ္ထုကို စကားပြော စကားပြေနဲ့ ရေးဖွဲ့ထားပါတယ်။ သူ့စကားပြေကို ဖတ်ကြည့်ပါ။ စကားပြေ အရေးအဖွဲ့ ကောင်းနေရုံမျှမက တင်စား ချက်တွေကလည်း လှပနေပါ တယ်။ ဘာပဲပြောပြော သိပ် မကြာမတင်ခင်ကပဲ ရွှေ အသစ် စင်ပေါ်ကို လှမ်းတက် ခဲ့တဲ့ ပန်းရေဂျိုးဟာ ခုအထိ အဆက်မပြတ် တိုးတက်လာ တာကိုက သူ့ရဲ့ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။ မဟူရာ(လွိုင်ကော်)ရဲ့ အကြွေးဟာ သားနှစ်ယောက်ကို အမွေ ခွဲပေးပြီးမှ အဲဒီ သားနှစ်ယောက် အကြားမှာ ငွေ ၁၀ သိန်းနဲ့ ကြားညပ်နေရ ရှာတဲ့ ဖခင် တစ်ယောက်ရဲ့ ဖြစ်ရပ်ကို ရေးဖွဲ့ပြထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ပါ။ ဆရာမ မဟူရာဟာ လူ့သဘာဝ အဖွဲ့ ကို နိုင်နိုင်နင်းနင်း ရေးဖွဲ့နိုင်တဲ့ ၀တ္ထုရေး ဆရာမတစ်ဦးပါ။ ဒီ ၀တ္ထုမှာလည်း ချွေးမနှစ်ဦးရဲ့ အတွေးမီးတွေက တစ်စတစ် စလောင်မြိုက်ပြီး ဖခင်တစ်ယောက် အပူမီး ၀ိုင်းနေရပုံကို ပုံဖော်ရာမှာ သဘာဝ ယုတ္တိရှိ မှုကို ဂရုတစိုက် ရေးဖွဲ့ပြနိုင်ခဲ့ ပါတယ်။ ဒီထက်ကျစ်ကျစ် လျစ်လျစ်ရေးဖွဲ့နိုင်ခဲ့ရင် ဒီထက်ပိုပြီး လင်းလက်လာနိုင်တဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ ဒီလ ရွှေဝတ္ထုတိုတွေထဲက ရွှေမောင်းရင်ကို လာငြိတဲ့ ၀တ္ထုတိုကတော့ နန်းဧကရီရှင်ရဲ့ ပျို့ဆုတောင်း ပါ။ နန်း ဧကရီရှင်ဟာ ကလောင်သစ် တစ်ဦးဖြစ်ပေမယ့် အရေး အသား ရှင်းလင်းပြေပြစ် တယ်။ ၀တ္ထုသီကုံးပုံ လှပတဲ့ အပြင် ခေတ်ကို ၀တ္ထုထဲထည့် ပြတဲ့နေရာမှာ နန်းဧကရီရှင် ဟာ အလွန်သေသပ်ပါတယ်။ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ကိုယ် ရည်ကိုယ်သွေးအဆင့်ကို ပြတဲ့ နေရာမှာ နန်းဧကရီရှင် ပြပုံက အလွန် ယဉ်ကျေးတယ်။ ခေတ် ကို ရန်တွေ့ပုံလေးကလည်း ညင်သာ သိမ်မွေ့တယ်။ တရားပွဲ တစ်ခုကို သွားရောက် တရားနာမယ့် မိန်းကလေး တစ်ဦးရဲ့ လှုပ်ရှားမှု၊ အတွေး ပုံရိပ်တွေနဲ့ သူ့ဝတ္ထုကို ရက်ဖွဲ့ပြတယ်။ ၀တ္ထုတို တစ်ပုဒ်မှာ နိဂုံးဟာ အလွန် အရေးပါပါတယ်။ နန်းဧကရီ ရှင်ဟာ သူ့ဝတ္ထုလေးကို လှပ သပ်ရပ်စွာပဲ အဆုံးသတ်သွား ခဲ့ပါတယ်။ ဖတ်ကြည့်ပါ။ အရသာပျက်မှာစိုးလို့ ရေး မပြတော့ပါဘူး။ ဒီလရွှေအမြုတေ၊ ရသစာတမ်း ကဏ္ဍမှာ ဖော်ပြတဲ့ ပန်းရိပ်ဖြူရဲ့ လေနှင့်အတူ ကိုလည်း ညွှန်းချင်ပါတယ်။ တယ်လီဖုန်းနဲ့ လိပ်စာမှတ် ထားတဲ့ စာအုပ်ဟောင်းလေး တစ်အုပ်ပြန်တွေ့ရာက တွေးမိ တဲ့အတွေးစလေးတွေကို လှလှ ပပ ရေးဖွဲ့ပြထားတဲ့အက်ဆေး တစ်ပုဒ်ပါ။ ဖတ်ကြည့်ပါဦး။ (၂၀၁၀၊ ဇွန်၊ ရွှေအမြုတေ) သန်လျင်မောင်မောင်ဦး ရဲ့ဝတ္ထုတွေကို စာမျက်နှာ ပေါ်မှာ မတွေ့ရတာကြာပါ ပြီ။ ဒီလ ရယ်စရာမှာတော့ ဆရာ သန်လျင်မောင်မောင်ဦးရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ဖတ်လိုက် ရပါတယ်။ ၀တ္ထုနာမည်က စိတ္တဇညများ ကုန်ဆုံးလွန် မြောက်ပါစေကွယ် ပါ။ ဧရာ ၀တီတိုင်းက မြို့တစ်မြို့ကို ဆရာမောင်သိန်းဆိုင်၊ ဆရာ ပျဉ်းမနား မောင်နီသင်းနဲ့ သူ အတူပါသွားပြီး ဟောပြောခဲ့ တဲ့ ဟောပြောပွဲ အကြောင်းပါ။ ၀တ္ထုရဲ့အတွင်းသားမှာ ဖော်ပြ ထားတာကတော့ အရက်နဲ့သူ၊ သူနဲ့အရက် မိတ်ဖက်ခြင်း အပေါ် ကွယ်လွန်သူ ဆရာ မောင်သိန်းဆိုင်ကထိန်းသိမ်းခဲ့ ပုံကို အမှတ်တရရေးဖွဲ့ထား ပါတယ်။ ဖတ်ကြည့်ပါဦး။ (၂၀၁၀၊ ဇူလိုင်၊ ရယ်စရာ) ဒီလရွက်နုဝေမှာ ဖော်ပြ တဲ့ ဖေမြင့်ရဲ့ လက်တွေ့လော ကမှာ ပြဿနာအဖြေရှာသည့် အခါ ဟာ ဧကရာဇ်အလက် ဇန္ဒား-သ-ဂရိတ်(Alexandre the Great ၃၅၆-၃၂၃ဘီစီ) က ဂေါ်ဒီယန်ကြိုးထုံး(Gordian Knot) ကို ဓားနဲ့ ခုတ်ပိုင်းဖြေပြပုံနဲ့ ကိုလံဘတ်စ်က စားပွဲပေါ်မှာ ကြက်ဥကို ထောင်ပြလိုက်ပုံ တို့ကို ရေးသားထားတဲ့ ဆောင်းပါးပါ။ ပြဿနာတစ် ခုကို ဖြေရှင်းတဲ့နေရာမှာ ဖောက်ထွက် တွေးခေါ်တတ်သူ တစ်ဦး စဉ်းစား ဖြေရှင်းနည်း ကို အထက်ပါ ပြဿနာ ၂ ရပ်နဲ့ နမူနာပြဖြေရှင်းပြထား ပါတယ်။ ဒီနေ့ လူတကာ ပါးစပ် ဖျားမှာ ခေတ်စားနေတဲ့ စတုတ္ထ မဏ္ဍိုင်ဟာ စာနယ် ဇင်းနဲ့ စာနယ်ဇင်းသမားတွေ ကို အင်အားစုတစ်ရပ်အဖြစ် ပေါင်းစု ခေါ်ဝေါ်တဲ့အမည် ပါ။ အာဏာရဲ့ မဏ္ဍိုင် ၃ ရပ်ကို ရရှိ ထားကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်မှန်ကန် ဖြောင့်မတ်ဖို့ အတွက် တည့်မတ်စေမယ့် သီးခြား အင်အားစု တစ်ရပ်လို့ လည်း ဆိုနိုင်ပါတယ်။ ဒီလ ရွက်နုဝေမှာ ဖော်ပြ ထားတဲ့ လူထုစိန်ဝင်းရဲ့ ပါတီ စုံခေတ်နဲ့ မီဒီယာရဲ့ကဏ္ဍဟာ အာဏာရှိသူတွေက လက် ကိုင်တုတ်သဖွယ် အသုံးချခံ လိုက်ရလို့ ပျက်စီး ဆုံးရှုံးသွား ခဲ့ရတဲ့ သတင်းစာတွေရဲ့ သမိုင်းကြောင်းကို ကျိုးကြောင်း ပြပြီး စာနယ်ဇင်းသမားတွေ မမေ့သင့်တဲ့ အချက်ကို ထောက်ပြ၊ ပြောပြထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ အတွေ့အကြုံ ရှိသူ ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးရဲ့ အတွေ့အကြုံကို ဝေမျှထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို စာနယ်ဇင်းသမား တိုင်းဖတ်သင့်ပါတယ်။ (၂၀၁၀၊ မေ၊ ရွက်နုဝေ) ဒီလ ပေဖူးလွှာဝတ္ထု တွေထဲက နတ်မှူးရဲ့ ကတိကို ညွှန်းချင်ပါတယ်။ ဆရာ နတ်မှူးဟာ သူ့ထုံးစံ အတိုင်း သူ့ဝတ္ထုကို ပုံပြင်တစ်ပုဒ်ပြော ပြသလို ပြောပြသွားတယ်။ အကြောင်းအရာကတော့ ပဒုမ္မာ(မြေချစ်)ဆိုတဲ့ ပြည့် တန်ဆာအဖြစ် ခံနေရတဲ့ မိန်းမ လှလေး တစ်ဦးရဲ့ ဘ၀ ဖြတ်သန်းမှု ကတိတည်မှုကို သူ များငွေတွေကို ယူပြီး ဒေ၀ါ လီခံသွားတဲ့ လူကြီးလူကောင်း အမည်ခံတွေနဲ့ နှိုင်းယှဉ်ရေးဖွဲ့ ပြထားတာပါ။ အရေးအဖွဲ့ အတင်အပြကောင်းသူ ပီပီ သူ့ ၀တ္ထုတိုလေးဟာ စာဖတ်သူရဲ့ ရင်ထဲကို ရောက်ပါတယ်။ ဖတ်ကြည့်ပါဦး။ နိုင်မြင့်ရဲ့ ရပ်ကွက်လေးရဲ့တယ်လီဖုန်း ပုံပြင် ကိုလည်း ညွှန်းချင်ပါတယ်။ နိုင်မြင့်က သူတို့ ရပ်ကွက်မှာ ဦးလှမြင့် အိမ်မှာပဲ တယ်လီဖုန်း တစ်လုံး ရှိနေပြီး ဦးလှမြင့်က အများ သုံးခွင့် မပေးခဲ့လို့ သူတို့ဒုက္ခ ရောက်ကြရပုံကို ပထမဦး ဆုံးဖော်ပြပါတယ်။ ပြီးမှ ဦးတင်စိုးတို့က ဖုန်းဝယ်ပြီး စီးပွားရေး ဆန်ပုံ၊ နောက် ငါး သိန်းတန် ဖုန်းပေါ်လာလို့ ကိုဝင်းနိုင်ဈေးဆိုင်မှာ ဖုန်း တစ်လုံးထပ် တိုးလာပုံကို ရေး ဖွဲ့ပြပြီးမှ နောက်ဆုံး နိဂုံးမှာတော့ ဟိုတုန်းက ခြံတံခါး ပိတ်ပြီး ဆက်သွယ်ရေး လမ်းကြောင်း ပိတ်ထားတဲ့ဦးလှမြင့် တစ်ယောက် နိုင်ငံခြားမှာ သူ့ သမီး ဆုံးသွားလို့ ခြံတံခါး ပြန်ဖွင့်ပုံကို ရေးပြပါတယ်။ နိုင်မြင့်ဟာ သူ့ဝတ္ထုတိုလေး တွေကို ရေးဖွဲ့တဲ့ အခါ အစဉ် သဖြင့် နိမိတ်ပုံ၊ သင်္ကေတ လေးတွေနဲ့ ရေးဖွဲ့တတ်ပါတယ်။ သေချာတာကတော့ စာဖတ် သူကို တွေးစရာတွေ ချပေး ထားတာပါပဲ။ ဖတ်ကြည့်ပါ ဒီဝတ္ထုလည်း တွေးစရာလေးတွေ ချပေးထားတဲ့ ၀တ္ထုတို လေးပါ။ (၂၀၁၀၊ ဇွန်၊ ပေဖူးလွှာ) ဒီလ ရုပ်ရှင်တေး ကဗျာမှာ ဖော်ပြထားတဲ့ လဲ့ဝင်းကြည် (ချို)ရဲ့ သဏ္ဌာန်ဆက်သီအိုရီ ဟာ ရွာမူလတန်းကျောင်း ဆရာတစ်ဦးရဲ့ ဘ၀ဖြတ်သန်း မှုနဲ့ စိတ်ခံစားချက်ကို လှလှပပ ရက်ဖွဲ့ပြထားတဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ မြို့ကြီးပြကြီးက နာမည်ကြီးကျောင်း တစ်ကျောင်း မှာ စာသင်ခွင့် ရရှိဖို့ သိန်း ပေါင်းများစွာ အကုန်အကျခံ ကြိုးပမ်းနေချိန်မှာ သူ့ကျောင်း လေးမှာ ကျောင်းလာတက်ဖို့ စည်းရုံး နေရပုံနဲ့ မပြည့်စုံမှုတွေနဲ့ ပြည့်ဝနေကြရတဲ့ ကျေးလက် လူထုရဲ့ဘ၀တို့ကို သူ့ဝတ္ထု ထဲမှာ ခင်းကျင်း ပြသထားပါ တယ်။ ၀တ္ထုရဲ့နိဂုံးမှာတော့ သူတို့ အ.ထ.က ကျောင်း သားဟောင်းများရဲ့ အာစရိယ ပူဇော်ပွဲက အပြန် ငယ်အရိပ်၊ ငယ်အတိတ်မှာ နစ်ဝင်ပျော်ရွှင် လာတဲ့ ဆရာတစ်ယောက်၊ ရွာကျောင်းက လေးတန်း အောင်ပြီး လယ်ထဲ ဆင်းနေကြ ရတဲ့ သူ့တပည့်လေးတွေရဲ့ လှမ်းအော် နှုတ်ဆက်သံကိုပင် တပည့်ဟောင်းတွေရဲ့ ဂါရ၀ ပြုခြင်းပဲလို့ ယုံကြည် လိုက်ပုံကို ရေးဖွဲ့ထားပါတယ်။ ကြာတောမှ ဗေဒါ နဲ့ ၂၀၁၀ ရွှေအမြုတေ စာပေဆု၊ ၀တ္ထုတိုဆု ရခဲ့တဲ့ လဲ့ဝင်းကြည်(ချို) ဟာ ၀တ္ထုတိုရေးဖွဲ့ရာမှာ လူတန်း စား ရပ်တည်ချက်ကို အလေး ထားတယ်။ ၀တ္ထုရဲ့အခင်း အကျင်းကို အလွန် ဂရုစိုက်ပါ တယ်။ အခု ဒီဝတ္ထုမှာလည်း မြန်မာပြည်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းရှိတဲ့ ကျေးလက် ပြည်သူတွေရဲ့ လက်ရှိပညာ ရေးဘ၀နဲ့ ရုန်းကန် လှုပ်ရှားမှုကို စာဖတ်သူရဲ့ရင်ထဲ အရောက် ပို့ပေးနိုင်ခဲ့ပါတယ်။ (၂၀၁၀၊ ဇူလိုင်၊ ရုပ်ရှင်တေးကဗျာ) ဒီလ စတိုင်သစ်မှာဖော် ပြတဲ့ သခင်ဘသောင်းရဲ့ တို့ဗမာသီချင်း ဟောပြောချက်ဟာ တို့ဗမာ သီချင်းသန္ဓေ တည်ပေါက်ဖွား လာပုံနဲ့ အဲဒီ သီချင်းရဲ့ စွမ်းအားကို ပြန်လည် ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး အပိုင်းမှာ အမျိုးသား စိတ်ဓာတ်ကို ပုတ်နှိုးနိုင်ခဲ့တဲ့ သီချင်း တစ်ပုဒ် ဖြစ်ခဲ့လို့လည်း သမိုင်း တန်ဖိုး ကြီးမားလှပါတယ်။ မောင်ဒီရဲ့စာစီစာကုံး နှင့် အက်ဆေးတို့ အကြောင်း ကိုလည်း ညွှန်းချင်ပါတယ်။ ဒီဆောင်းပါးဟာ ဆရာမောင် ဒီ ငယ်စဉ်က ဘ၀ဖြတ်သန်း မှုနဲ့ စာစီစာကုံးရေးသားခဲ့ပုံ ကို ဖော်ပြထားတဲ့ အပြင် စာမျက်နှာတွေပေါ်က သူကြိုက်တဲ့ အက်ဆေး သုံးပုဒ်ကိုပါ ညွှန်းဆိုထားပါတယ်။ ဆောင်းပါး ဆိုပေမယ့်“သုတ”ကို အသား ပေးရေးတဲ့ ဆောင်းပါးမဟုတ် ပါဘူး။ အက်ဆေးဆန်ဆန် စာဖတ်သူရဲ့ရင်ကို ထိရှအောင် ရေးဖွဲ့ပြထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ သူ့ထုံးစံနိမိတ်ပုံ လေးတွေနဲ့ ဖွဲ့ဆို ပြထားတာမို့ ဖတ်ကြည့်စေချင်ပါတယ်။ ဒီလ စတိုင်သစ်ထဲမှာ အထူးညွှန်းလိုတာက မြူမြူရဲ့ ရွှေမင်းသမီးပါ။ ကျောင်း တစ်ကျောင်းရဲ့ အခြေခံ ၀န်ထမ်း မခင်စီရဲ့ဘ၀နေဟန် ကိုရက်ဖွဲ့တင်ပြထားတဲ့ဝတ္ထု တိုပါ။ ဇာတ်လမ်းရယ်လို့ မည်မည်ရရ မရှိပါဘူး။ လင် တစ်ယောက် ယူပြီးကွဲတယ်။ နောက်တစ်ယောက်ထပ်ယူ တယ်။ အဲဒီ လင်ဆေးရုံတက် ပြီး ကလေးတွေနဲ့ ဒုက္ခရောက် နေစဉ်မှာပဲရပ်ကွက်ထဲ ဂတ်စ် ထည့်တဲ့ ဦးမောင်ကိုထပ်ယူ တယ်။ လူ့အဖွဲ့အစည်း သတ် မှတ်စံနဲ့ ကြည့်ရင်တော့ မြူမြူ ရဲ့ ဇာတ်ကောင် မခင်စီဟာ လင်နှစ်ယောက် တစ်ပြိုင်နက် တည်းယူထားတဲ့ မိန်းမတစ် ယောက်ပါ။ ဒါပေမယ့် မြူမြူ ဟာ ဇာတ်ကောင် ထိန်းသိမ်း စောင့်ရှောက်ရာမှာ အလွန် တော်ပါတယ်။ မခင်စီကို ပြတဲ့ နေရာမှာလည်း ရုပ်လုံးကြွ လှပနေပါတယ်။ စာဖတ်သူ ဟာ မခင်စီကို အပြစ်မတင် ရက်အောင် မခင်စီရဲ့ဘ၀ကို ရေးဖွဲ့ပြနိုင်ခဲ့ပါတယ်။ ဒီလ ရွှေမောင်း ဖတ်မိသမျှ ၀တ္ထုတို ထဲမှာတော့ ဒီဝတ္ထုကိုအကြိုက် ဆုံးပါပဲ။ (၂၀၁၀၊ ဇွန်၊ စတိုင်သစ်) ဒီလဖူးငုံမှာပါတဲ့ ၀တ္ထု တိုတွေ အနက် မိဘမေတ္တာကို ပုံစံအသစ်နဲ့ တင်ပြဖို့ကြိုးပမ်း ထားတဲ့ ၀တ္ထုတို နှစ်ပုဒ်ကို ညွှန်းချင်ပါတယ်။ တစ်ပုဒ်က စပယ်ဖြူနုရဲ့ အရိပ်ပျောက် ရှာသူ ပါ။ နောက်တစ်ပုဒ်က နန့်အေး(ကန္ဒရ၀တီ)ရဲ့ လိပ်ပြာသန့်ခြင်းပါ။ အမေ့မေတ္တာ၊ အမေ့ အရိပ်၊ အမေ့ နွေးထွေးမှုတို့ကို တဖွဖွ ပြောနေတတ်တဲ့ “မြ”ဆို တဲ့ မိန်းကလေး တစ်ဦးကို ပုံဖော် ထုဆစ်ပြရာမှာ စံပယ်ဖြူ နုဟာ “မြ”နဲ့ မျက်နှာချင်းဆိုင် အခန်းမှာနေတဲ့ ဖြူဖြူရဲ့အမြင် နဲ့ရေးဖွဲ့ပြပါတယ်။ “အဝေး မှာ နေတယ်ဆိုပေမယ့် မိဘ အရိပ်က ဘာနဲ့မှ မတူအောင် အားရှိတယ်ဖြူဖြူရဲ့”ဆိုတဲ့ အပြောလေးမျိုးနဲ့ မိဘအရိပ်၊ မိဘ မေတ္တာတို့ကို ပြောပြနေ လို့ အဆောင်သူတွေက သူ့ကို “အမေချစ်”လို့တောင် ကင်ပွန်း တပ်ကြရတယ်။ အဲသလို ပျောက်ဆုံးနေတဲ့ မိဘအရိပ် ကို တမ်းတရင်း အဆောင်က ရုတ်တရက်ပြောင်းသွားရှာသူ “မြ”မှာ သူတဖွဖွ ပြောပြနေတဲ့ အမေ မရှိတော့ပါဘူးတဲ့။ နိဂုံးမှာ အလှည့်လေးနဲ့ ရေးဖွဲ့ ထားပါတယ်။ စပယ်ဖြူနု ဟာ သူ့ဝတ္ထုမှာ မိန်းကလေးဆောင်၊ နယ်မှလာပြီး ရန်ကုန် မှာ ဘ၀ တိုးတက်ရေး အတွက် ရုန်းကန် နေရရှာတဲ့ မိန်းက လေးတွေ၊ သူတို့တစ်တွေရဲ့ ဘ၀နေဟန် အဲဒါတွေကို အောက်ခံအဖြစ် ရေးခြယ်ပြ တယ်။ အတတ်ပညာရော၊ ၀တ္ထု အခင်းအကျင်းရော ကောင်းတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပါ။ ဖတ်ကြည့်ပါဦး။ နောက်တစ်ပုဒ်က နန့် အေးရဲ့ လိပ်ပြာသန့်ခြင်း ပါ။ အားလပ်ရက် အင်တာနက် ကဖီးဆိုင် Online ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် ကြည့်မိရာက သူငယ်စဉ် ဘ၀က ဖခင် အပေါ်တုံ့ပြန်မိခဲ့တဲ့ တုံ့ပြန်မှု အပေါ် တောင်းပန် ဆေးကြောထားတဲ့ ၀တ္ထုတိုပါ။ လိပ်ပြာ သန့်ခြင်း ဆိုတဲ့ ခေါင်းစဉ် အစား လျှော်ဖွပ်တယ်၊ ဆေး ကြောတယ်ဆိုတဲ့ ဝေါဟာရ ကိုသုံးစွဲပြီး ခေါင်းစဉ်ရွေး မယ်ဆိုရင် အခုထက်ပိုပြီးလှ မယ်လို့ ထင်ပါတယ်။ အပြစ် ကိုမြင်၊ အဲဒီအပြစ်အတွက် ဖခင်ကို တောင်းပန်၊ ဖခင်က ခွင့်လွှတ်။ ဆေးကြော၊ လျှော်ဖွပ် လိုက်တော့မှ စွန်းထင်းနေ တဲ့ သူ့ရဲ့စိတ်ကလေး သန့်ရှင်း သွား။ မိဘမေတ္တာကို ပုံစံ အသစ်နဲ့တင်ပြဖို့ ကြိုးပမ်း ထားတဲ့ဝတ္ထုလေးပါ။ ဒီလ ဖူးငုံမှာDocumentary Film နဲ့ ပတ် သက်ပြီး ၀ီရ၊ ပြည်ချမ်း၊ ကိုလင်း၊ အေ၀မ်းဝေရီ၊ ဥက္ကာ နဲ့ ဒါရိုက်တာမင်းထင်ကိုကို ကြီးတို့ ဆွေးနွေးတဲ့စကား ၀ိုင်းရယ်၊ နေလွင်ရဲ့လူငယ်နှင့်Documentary Film ရယ် ၂ ပုဒ် တောင် ဖော်ပြထားပါတယ်။ လူငယ်တွေရဲ့ သဘောထား အမြင်ကို တင်ပြထားတာပါ။ ဖြန့်ဝေထားတာပါ။ ဖူးငုံ အယ်ဒီတာ အဖွဲ့ဟာ လူငယ် တွေအတွက် သုတဖြန့်ဝေတဲ့ ကဏ္ဍကို သူ့မဂ္ဂဇင်းမှာ ထည့် သွင်း ဖော်ပြတာဟာ လူငယ် ဖတ်ဖို့ စာနည်းနေတဲ့ ဒီနေ့ စာပေလောက အတွက်တော့ အားဆေး တစ်ခွက်ပါပဲ။ အနာဂတ်ပြုစု ပျိုးထောင်မှု တစ်ခု လို့လည်း ဆိုလိုက်ပါရစေ။ လူငယ်တွေအတွက် အလေး အနက်ထားမှု၊ တန်ဖိုးထားမှု ဟာ စာပေလောကမှာ လိုအပ် နေပါသေးတယ်။ ဒီလဖူးငုံမှာ နောက်ဆုံး ညွှန်းချင်တာကတော့ အောင် နှင်းသစ်ရဲ့ ဆက်သွယ်မှုဧရိ ယာရဲ့ အပြင်ဘက်မှာ ဆိုတဲ့ ကဗျာပါ။ သေချာဖတ်ကြည့် ပါ။ ကဗျာဆရာ ပေးချင်တဲ့Message ကို စာဖတ်သူရမှာ ပါ။ သူ့နားထဲမှာ လေတွေ ထွက်နေတယ် ပြီးတော့ နားထဲက ကိုက်ပြီး အူနေတယ် မနေ့က ပြင်းထန်တဲ့ အဟုန်နဲ့ ........ ........ ခုအချိန်မှာတော့ သူဟာ သူမောင်းခဲ့ဖူးတဲ့ ကားကြီးလို ထရပ်ကားကြီး တစ်စီးပေါ်မှာ .... ......... သိပ်မြန်တာပဲ။ မီးပွိုင့်ကိုလည်း ဖြတ်ရ တယ် သူနေခဲ့တဲ့ နေရာနဲ့ မြို့ကို လည်း သိခဲ့ရပါပြီ။ ........ ........ (၂၀၁၀၊ ဇွန်၊ ဖူးငုံ)

မင်္ဂလာရွှေမောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)
|
|
Last Updated on Tuesday, 17 August 2010 10:06 |
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...