ရွှေအလင်းတန်းနဲ့ အောင်ဖြိုးကျော်(ပခုက္ကူ) PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 03 July 2012 10:57
Share |

၂၀၁၂ ရွှေအမြုတေ စာပေဆု မျိုးဆက်သစ် စာပေဆုကို တိမ်ပုပ်မိုးရဲ့ မျက်ရည်စိမ်း ၀တ္ထုနဲ့ ဆရာအောင်ဖြိုးကျော်(ပခုက္ကူ) က ရရှိခဲ့ပါတယ်။

buy cialis onlinebuy cialis overnight delivery canadian viagra discount cialis
argaiv1519

ဒီဆုကို ရရှိမယ်လို့ ဆရာအောင်ဖြိုး ကျော်(ပခုက္ကူ)က မမှန်းထား ခဲ့ပါဘူး။

ရွှေအမြုတေရဲ့ ရွှေအသစ် ကဏ္ဍမှာ ဖော်ပြ ခံရတုန်းက ၀မ်းသာမှုနဲ့ ရွှေအမြုတေ စာပေဆု ရတဲ့ ခံစားမှု ကွာခြားမှုလေး အရင်ဆုံး သိပါရစေ။

ကျွန်တော့်စာမူလေး ရွှေအမြုတေကို ရောက်ရှိပြီလို့ အကြောင်း ပြန်ထားတဲ့ဟာ မဂ္ဂဇင်းမှာ တွေ့ရ တယ်။ ကိုယ့်နာမည်လေးကို ပထမဦးဆုံး ပုံနှိပ် ဖော်ပြခံရတဲ့ အတွက် အဲဒါလေးကိုပဲ ကျွန်တော် တစိမ့်စိမ့် ကြည့်နေခဲ့တယ်။ တိမ်ပုပ်မိုးရဲ့ မျက်ရည်စိမ်း စာမူ ဖော်ပြခံရတော့ စာမူခ ပို့ပေးတာ၊ စာအုပ် ပို့ပေးတာ၊ ပွဲတက်ဖို့ ဖိတ်ကြား ခံရမှုတွေက တစ်ဆင့်ပြီး တစ်ဆင့်ကြည်နူးမှု တွေကမြင့်လာတယ်။ အခု အချိန်ကတော့ အမြင့်ဆုံး အချိန်ပေါ့။

တိမ်ပုပ်မိုးရဲ့ မျက်ရည်စိမ်း ၀တ္ထုကို ဘယ်လိုကြောင့် ဖန်တီး ဖြစ်ခဲ့တာလဲ။

ဒီဝတ္ထုဖြစ်တာက လွန်ခဲ့ တဲ့ ၁၀ နှစ်လောက်တည်းက ပါ။ ကျွန်တော့်အဖေက အုတ်ရေကန် လုပ်ဖို့ အုတ်ဝယ်ခိုင်းတယ်။ အဲဒီမှာ ယောက်ျားကြီး တစ်ယောက်ကို ပတ်တီးတွေနဲ့ တွေ့တယ်။ သူ့ဘ၀အကြောင်း တွေပြောတာကို ကျွန်တော်က မှတ်ထားပြီး ရေးထားတာ။ အဲဒီတုန်းက စာရေးနည်း မသိသေးဘူး။ ရေးထားပြီး ဘယ် မှလည်း မပို့ဖြစ်ဘူး။ နောက် တော့မှ ဆရာဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်း ခြစ်ကို ဖတ်လိုက်ရချိန်မှာ ဖောင်းပွနေတာတွေကို ကျစ် လျစ်အောင် လုပ်လိုက်တယ်။ ကျွန်တော့်ကို စာရေးနည်းသင် ပေးတာ ဆရာ ဦးဝင်းငြိမ်း ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးသားထားတာ ဆိုတော့ ဘတိုးဆိုတဲ့ လူက ဗီလိန်ဖြစ် သွားတယ်။ အခုလက်ရှိမှာ အုတ်လုပ်စားနေတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူငယ် ချင်းတွေက မင်းဝတ္ထုရေးချင် နေတာနဲ့ လူကြမ်းကြီးတွေ ဖြစ်ရောဆိုပြီး လာပြောတယ်။ အမှန်တကယ်က ကျွန်တော် တို့ သရုပ်မှန်စာရေးသူတွေက စာစရေးပြီဆိုကတည်းက လူ တန်းစားခွဲခြားတာတွေ မရှိ ဘူး။ ဘယ်သူ့ကို နာစေ၊ သာ စေဆိုတာမျိုးလည်းမရှိဘူး။ ကျွန်တော်တတ်နိုင်သမျှ စာ ရေးတဲ့ အတတ်ပညာလေးနဲ့ ကျွန်တော် သရုပ်မှန် စာပေတွေ ရေးသားနေမှာပါ။

ရွှေအမြုတေရဲ့ ရွှေ အသစ် ကဏ္ဍကို ပို့ဖို့ ဘယ်လို ဆုံးဖြတ်ခဲ့တာလဲ။

ဆရာ ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ကို ဖတ်ပြီး ဒီဝတ္ထုကို ကိုယ့် စိတ်ကြိုက် တည်းဖြတ်ခဲ့တယ်။ ကျွန်တော့် စိတ်ကြိုက် ပုံစံမျိုးစုံနဲ့ ပြန်ရေးကြည့်ပြီး ကြိုက်ပြီ ဆိုတဲ့ အဆင့်ရောက်မှ ပို့ခဲ့တယ်။ တစ်ဆယ့်ငါးခါ လောက် ပြင်ခဲ့ရတယ်။ ကျွန်တော်က ရွှေအမြုတေကို အမြဲဖတ်ပြီး ရွှေအသစ်ကဏ္ဍ ကို စိတ်ဝင်စားနေတာကြာ ပြီ။ ၀တ္ထုရေးပြီးချိန်မှာ ၀တ္ထုတိုလည်း ဖြစ်သလို ရွှေအသစ် ကဏ္ဍမှာတိုးလို့ရပြီဆိုပြီး ပို့လိုက်တယ်။ ရသစာပေ ဖြစ်တဲ့အတွက် ရွှေရဲ့မူနဲ့လည်း ကိုက်ညီလို့ ပို့ဖြစ်တာ။

ရွှေအမြုတေ စာပေဆု ကြေးငွေကို ဘယ်နေရာမှာ အသုံးပြုဖို့ ဆရာ စီစဉ်ထားလဲ။

ကျွန်တော့်ရဲ့ ဆုကြေး ငွေကို ရွာမှာ စာကြည့်တိုက် တစ်ခုဆောက်ဖို့ စီစဉ်မှာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက် က သပိတ်ကျင်းမှာ ရွှေတူး တဲ့ လုပ်ငန်းသွားလုပ်တော့ ကျွန်တော်တို့ရွာက အိမ်ခြေ လေးငါးခြောက်ဆယ် မီး လောင်ခံရတယ်။ အဲဒီအချိန် မတိုင်ခင် ဦးမြင့်မောင်နဲ့ ကျွန်တော်က စာကြည့်တိုက် လုပ်ဖို့ ခဏခဏတိုင်ပင်ခဲ့တယ်။ မီးလောင်တော့ ကျွန်တော်တို့ စုထားတဲ့စာအုပ်တွေ မီးထဲ ပါသွားခဲ့တယ်။ အဲဒီတော့ စာကြည့်တိုက် မလုပ်ဖြစ်ဘူး။ ကျွန်တော်ရတဲ့ ငွေလေးရယ် အခြားအဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေရယ် ပေါင်းပြီး ရွှေအလင်းတန်း ဆိုတဲ့ စာ ကြည့်တိုက် လုပ်မယ်။ ရွှေ အမြုတေရယ်၊ အလင်းတန်း ရယ်ပေါင်းပြီး နာမည်ပေးမှာပါ” လို့ဆိုပါတယ်။ ကျေးဇူး တင်ပါတယ် ဆရာ။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: