တာဝန်တစ်ခု ကျေသလို ခံစားရတယ် PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 03 July 2012 10:51
Share |

ဝတ္ထုတို များစွာကို ရေးသား ဖြစ်သလို ရသစာတမ်း အချို့ကို ရေးသားတဲ့ စာရေး ဆရာမ ဝေ(စီးပွားရေး တက္ကသိုလ်)က ၂၀၁၂ ရွှေအမြုတေ စာပေဆု ရသ စာတမ်းဆုကို ရရှိ ခဲ့ပါတယ်။

canadian pharmacy cialiscialis reviews buy viagra overnight delivery canadian pharmacy
argaiv1951

ဆူးဖယ်လက် ဆိုတဲ့ ရသစာတမ်းနဲ့ ဆုရရှိခဲ့တဲ့ ဆရာမဝေ (စီးပွားရေး တက္ကသိုလ်)က ရသစာတမ်း အနေနဲ့ ၃ ပုဒ်လောက်ပဲ ရေးသားဖူးတာပါ။

ဆူးဖယ်လက် ဆိုတဲ့ ရသစာတမ်းနဲ့ ဆုရတဲ့ အတွက် ဆရာမ ရင်ထဲက ခံစားချက်ကို အရင်ဆုံး သိပါရစေ။

ရသ စာတမ်းနဲ့ ဆုရတဲ့ အတွက် ၀မ်းသာပါတယ်။ ကျွန်မက ၀တ္ထုတိုတွေ ရေးသားတဲ့ သူဆိုတော့ အရမ်းလည်း အံ့သြမိတယ်။ မမျှော်လင့်တဲ့ အတွက်လည်း ပိုပြီး ရင်ခုန်ပါတယ်။

ဆူးဖယ်လက်ကို ဘယ်လို ခံစားချက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးသားဖြစ်တာလဲ။

ကျွန်မ သမီးလေး ကျောင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ကျွန်မ ကိုယ်တိုင်ပဲ ဖြေရှင်းရတယ်။ အခုခေတ် မိဘတွေရဲ့ စိတ်ထား၊ မိဘတွေက ဆရာမတွေ အပေါ်မှာပဲ အပြစ်တင်ကြတယ်။ အဲဒီ ပြဿနာတွေကို မိဘတွေဘက်က စဉ်းစားကြည့်တဲ့ အခါ မိဘတွေဘက်က ပြင်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကလေးနဲ့ ဒီရသစာတမ်းကို ရေးလိုက်တာပါ။

ဒီအကြောင်းအရာကို ၀တ္ထုအနေနဲ့ မဖန်တီးဘဲ ရသစာတမ်း အနေနဲ့ ရေးသားဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဒီအကြောင်းအရာလေးကို ခံစားရတဲ့ အခါမှာ ကိုယ်တိုင်က ဇာတ်ကောင် ဖြစ်နေတာက တစ်ကြောင်း၊ တကယ်ခံစားရတဲ့ ကလေးကလည်း ကျွန်မရဲ့ သမီးဖြစ်နေတာကြောင့် စိတ်ထဲမှာ ရသစာတမ်း အနေနဲ့ ရေးဖို့ ပိုပြီး စိတ်ထက်သန်ခဲ့တာပါ။

ဆူးဖယ်လက်ကို ရေးပြီးချိန် ဆရာမရင်ထဲမှာ ခံစားရတဲ့ ခံစားမှုကို သိချင်ပါတယ်။

ဒီရသစာတမ်းကို ရေးပြီးတဲ့အချိန်မှာတော့ ပြောချင်တာလေးကို ပြောလိုက်ရတဲ့အတွက် တာဝန်တစ်ခု ကျေသလိုလည်း ခံစားရပါတယ်။ ပေါ့သွားတယ်ပေါ့။

ရသစာတမ်းနဲ့ ဆုရထားတော့ ဆက်လက်ပြီး ၀တ္ထုတိုတွေပဲ ရေးဖြစ်မလား၊ ရသစာတမ်းတွေပဲ ရေးဖြစ်မလား။

အဲဒါကတော့ စိတ်ခံစားချက်ပေါ်မှာပဲ မူတည်ပါတယ်။ ၀တ္ထုပုံစံ ရေးချင်တဲ့ ဇာတ်လမ်းမျိုးတွေ့ရင်လည်း ၀တ္ထုရေးမှာပါ။ ရသစာတမ်း ပုံစံရေးချင်တာ တွေ့ရင်လည်း ရသစာတမ်း ရေးမှာပါ။

စာဖတ်ပရိသတ်များကို ဆရာမ အနေနဲ့ ပြောချင်တာများ ရှိရင် ပြောပြပေးပါဦး။

ကျွန်မက ရွှေအသစ်က နေတက်လာတဲ့ သူတစ်ယောက်ပါ။ ရွှေအသစ်မှာ မပါမချင်း ဆက်ပြီး ရေးမယ် ဆိုရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ နေရာလေး တစ်နေရာကို ရောက်လာမှာပါလို့ ပြောချင်ပါတယ်။ ကျွန်မက စာဖတ် ပရိသတ်ကို စာတွေများများ ဖတ်စေ ချင်ပါတယ်။ အထူးသဖြင့် ရသ စာပေကိုပေါ့နော်” လို့ ဆိုပါတယ်။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: