သစ္စာတရားရဲ့ အမိန့်တော် အတိုင်း PDF Print E-mail
Written by ခင်လေးမြင့်   
Wednesday, 09 May 2012 13:17
Share |

နိုင်ငံရေးက အစ၊ အစစ အရာရာ အနည်းငယ် ပြောင်းလဲနေတဲ့ အချိန်မှာ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေရဲ့ ခွင့်ပြုမှုတွေလည်း ပြောင်းလဲ နေပါတယ်။

buy cialis cheapcialis cialis where to buy viagra online canadian drugstore best price
argaiv1726

ဆင်ဆာ၊ ဆင်ဆာဆိုတဲ့ စိတ်နဲ့ စိတ်ဖိစီးမှု အနည်းငယ်ပဲ ရှိချိန်မှာ စိတ်ကို လွှတ်ပေး လိုက်တာကြောင့် ဖန်တီးမှုတွေ များစွာ ရနေတဲ့ အတွက် ခန့်စည်သူက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို စဉ်းစားမိခဲ့တာပါ။ ခန့်စည်သူ စဉ်းစားမိပြီး ရေးထားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဇာတ်ကားအဖြစ် ပုံဖော် ပေးထားပါတယ်။

အဲဒါက သစ္စာတရားရဲ့ အမိန့်တော် အတိုင်း ဗီဒီယို ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ထူးနွယ်အိမ်က ရေးသား ပေးထားပြီး ခန့်စည်သူ၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ ၀ါဆိုမိုးဦး စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ပေးထားကြပါတယ်။ အိမ်ထောင် တစ်ခုရဲ့ ခေါင်က အိမ်ထောင်ဦးစီးပါ။ အိမ်ထောင်ဦးစီး ခေါင်က မလုံရင် အဲဒီ အိမ်ထောင်မှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်သွားနိုင်မလဲ ဆိုတာ ဒီဇာတ်ကားမှာ ပါဝင်ပါတယ်။ သစ္စာတရားရဲ့  အမိန့်တော် အတိုင်း ဇာတ်ကားမှာ ခန့်စည်သူနဲ့ စိုးမြတ်သူဇာတို့က အိမ်ထောင်ဖက်များ ဖြစ်ကြပါတယ်။ သူတို့ နှစ်ယောက်မှာ ၀ါဆိုမိုးဦး ဆိုတဲ့ သမီးတစ်ယောက် ရှိတာပါ။  ခန့်စည်သူနဲ့ စိုးမြတ်သူဇာတို့က အိမ်ထောင်ရေး အဆင်မပြေ တာကြောင့် အိမ်ထဲမှာပဲ သီးသန့်လို နေကြပါတယ်။ တရားဝင် ကွာရှင်းတာမျိုး မပြု လုပ်ကြပေမဲ့ ကွဲနေကြတဲ့ အိမ်ထောင်ရှင်တွေပါ။

ရဲအောင်ကတော့ ဇနီးသည် မရှိတော့ သမီးဖြစ်သူ နန်းမြတ်ဖြိုးသင်းနဲ့ အတူတူ နေတဲ့သူ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုး သင်းက ခန့်စည်သူကို အိမ်ထောင် မရှိဘူး အထင်နဲ့ ချစ်ကြိုက်မိ သွားပါတယ်။ နန်း မြတ်ဖြိုးသင်းကို ခန့်စည်သူကလည်း တကယ် ချစ်မိသွား တာပါ။  သူတို့ နှစ်ယောက်ရဲ့ အကြောင်းကို ရဲအောင် သိ သွားတဲ့ အချိန်မှာ နန်းမြတ် ဖြိုးသင်းနဲ့ လမ်းခွဲဖို့ ခန့်စည်သူကို ပြောပါတယ်။ တရားဝင် မကွဲရသေးသလို မိန်းမ လည်း ရှိနေတာကြောင့် မတင့်တယ်ဘူးလို့ ပြောတာကို နောက်မဆုတ်တာကြောင့် ရဲအောင်က ခန့်စည်သူရဲ့ သမီး ၀ါဆိုမိုးဦးကို ဟန်ဆောင် ချစ်ပြခဲ့ပါတယ်။ အသက် အရွယ်အတွေ့အကြုံ အရ ရဲ အောင်က နောက်ဆုတ်နိုင်ပေမဲ့ ဆယ်ကျော်သက် ၀ါဆိုမိုးဦးက နောက်မဆုတ်နိုင်ဘဲ ရဲအောင်အပေါ် ယိုင်သွားခဲ့တာပါ။ ခန့်စည်သူက သစ္စာ တရားရဲ့ အမိန့်တော် အတိုင်း ဇာတ်လမ်းကို အခုလိုမျိုး ရေးသားထား ဖြစ်ပါတယ်။

ခန့်စည်သူက သူ့မှာရှိတဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မောင်မျိုးမင်းကို ပြောပြလိုက် ချိန်မှာ ဒါရိုက်တာ မောင်မျိုးမင်းကလည်း ကြိုက်တဲ့ အတွက် ရိုက်ဖြစ်ခဲ့တာပါ။  “ကိုယ်ဖြစ်ချင်တဲ့ စိတ်အလို ဆန္ဒနဲ့ တကယ် ဖြစ်သင့်တာ ဘယ်ဟာကို ဦးစားပေးရ မလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ တချို့ဟာတွေက နှလုံးသားကို ရူးရူးမိုက်မိုက်  ရှေ့တန်း မတင်သင့်တာတွေ ရှိတယ်။ တစ်ခါတစ်ရံမှာ စိတ်ကူးနဲ့ အပြောနောက်မှာ မျောသွားတတ်တယ်။ စကား လုံးတွေရဲ့ ဖြားယောင်းခြင်း၊ ခံစားမှုရဲ့ ဖြားယောင်းခြင်း အဲဒီနောက်မှာ ပါသွားတယ်။ အနှစ်သာရကို ပြန်မကြည့်မိဘူး။ တချို့က စိန်ခေါ်မှုရှိမှ တိုးတက်တယ် ထင်တယ်။ စိန်ခေါ်မှု ပြင်းထန်လေ ကိုယ် နစ်သထက် နစ်ဝင်သွားလေ။ အဲဒါကို နောက်ပြန်ဆုတ်မယ် လို့ ကြံစည်လိုက်တဲ့ အချိန်မှာ ကိုယ်က ရှေ့ကိုတော်တော် ကျွံနေပြီ”လို့ သစ္စာတရားရဲ့ အမိန့်တော်အတိုင်း ဇာတ် ကားကနေ ပေးချင်တဲ့ရသ များနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်း ဖြစ်)က ပြောပြပါတယ်။ ခန့် စည်သူက ကိုယ်တိုင်ဒါရိုက် တာလုပ်ပြီး ဗီဒီယိုဇာတ်ကား တွေ ရိုက်ဖူးပါတယ်။ ကိုယ် တိုင်ရေးတဲ့ဇာတ်လမ်းကို ဒါရိုက်တာလုပ်၊ သရုပ်ဆောင် ရိုက်ကူးတာတော့ မဟုတ်ပါ ဘူး။ အခြားသူတွေရဲ့ ဇာတ် လမ်းမှာ ပါဝင်သရုပ်ဆောင် ဖူးတာကြောင့် ကိုယ်တိုင် ရေးတဲ့ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်တာနဲ့ ကွာခြား မှုဘယ်လိုရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး“တခြား ဇာတ်လမ်းတွေမှာ ကိုယ်တိုင်ကျေ နပ်နားလည်ပြီး၊ လုပ်ချင် ပြီဆိုမှ လုပ်ခဲ့တဲ့ဇာတ်လမ်း တွေချည်းပဲ။ ဒီဇာတ်လမ်း လေးကတော့ Feeling ပိုရှိ တယ်။ ပြောရမယ်ဆိုရင် လူပျိုကြီးပီပီ အိမ်ထောင်ရေး စကား ပြောသလို ဖြစ်မှာပေါ့။ ကိုယ်မွေးထုတ်တဲ့ သားသမီး ကို မြင်ရတဲ့သဘော၊ အငှား ခံစားချက်ပေါ့”လို့ ခန့်စည်သူ က ဆိုပါတယ်။   

 

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: